Thursday, February 14, 2008

ဖဒိုမန်းရှာ ကွယ်လွန်ခြင်းအတွက် ၀မ်းနည်းကြောင်း သ၀ဏ်လွှာ

ကရင်အမျိုးသားအစည်းအရုံး (Karen National Union) ၏
အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာလာဖန်း ကွယ်လွန်ခြင်း
ဝမ်းနည်းကြောင်း သ၀ဏ်လွှာ
၂၀၀၈ ဖေဖေါ်ဝါရီ ၁၄ ရက်

တိုင်းရင်းသားစုပေါင်းနေထိုင်သော မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် ပြည်ထောင်စုစနစ် အကောင် အထည်ပေါ် ထွန်းကား လာစေရေး ဖဒိုမန်းရှာလာဖန်းသည် အမြဲတစေ ကြိုးစားအားထုတ်ခဲ့သည်။

ဖဒိုမန်းရှာလာဖန်းသည် ကရင်အမျိုးသားအစည်းအရုံး၏ ခေါင်းဆောင်တယောက်တင်မကဘဲ ကျွန်ုပ်တို့  ဒီမိုကရေစီ အင်အားစု တရပ်လုံး၏ ခေါင်းဆောင်တယောက်လည်းဖြစ်သည်။ ထို့ ကြောင့် ဖဒိုမန်းရှာလာဖန်းအား ယခုလို ရက်ရက် စက်စက် သတ္တိမဲ့စွာ လုပ်ကြံသတ်ဖြတ်မှုကြောင့် ကွယ်လွန်သွားရခြင်းကို ကျွန်ုပ်တို့  ဘားမားပွိုင့်က ယူကြုံးမရ ၀မ်းနည်း မိသည်။

ယခုလို ပြည်ထောင်စုနေ့ အလွန်တွင် ကွယ်လွန်သွားသော ဖဒိုမန်းရှာလာဖန်းက ထူးမြတ်သော မြန်မာနိုင်ငံ ပြည်ထောင်စုနေ့  အတွက် “All Burmese Community for Democracy” သို့  မှာကြားခဲ့သော စကားများကို ကျွန်ုပ်တို့  အနေဖြင့် မှတ်တမ်း တင်လိုက်ရပေသည်။

အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာလာဖန်းက “ပြည်ထောင်စုစနစ်ကို အကောင်အထည်ဖေါ်တဲ့နေရာမှာ လက်ရှိ စစ်အုပ်စု ကတော့ အကြီးမားဆုံး အတားအဆီးတခု အဖြစ်နဲ့  နှစ် ၆၀ နီးပါး တည်ရှိခဲ့တာဟာ ၀မ်းနည်းစရာဘဲ။”

“ကျနော်တို့ ပြောချင်တာကတော့ စစ်အာဏာရှင်ကို စောင့်ဆိုင်းစရာမလိုဘူး။ ကျနော်တို့  ကံကြမ္မာ ကျနော်တို့ ကိုယ်တိုင် ဖန်တီးရမယ်။ ကျနော်တို့ ဟာ လွတ်လပ်မှုနဲ့ ထိုက်တန်တဲ့ နိုင်ငံသားတွေ အဖြစ်နဲ့  ဆက်လက်ကြိုးပမ်းသွားရမယ်” ဟုပြောဆိုခဲ့သည်။ ထို့ ကြောင့် ကျွန်ုပ်တို့ ၏ တိုင်းရင်းသားနှင့် ဒီမိုကရေစီခေါင်းဆောင် တဦးဖြစ်သော ဖဒိုမန်းရှာလာဖန်း မှာကြား ခဲ့သည့် စကား အတိုင်းပင် ကျွန်ုပ်တို့ အားလုံး မြန်မာနိုင်ငံဒီမိုကရေစီ ရရှိရေးနှင့် ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေး အတွက် ဆက်လက်၍ ဆထက်တပိုး ကြိုးစားသွားရန် လိုအပ်သည်ဟု အလေးအနက် ယုံကြည်သည်။

ဖဒိုမန်းရှာလာဖန်းအနေဖြင့် မြန်မာနိုင်ငံ လွတ်မြောက်ရေးလုပ်ငန်းစဉ်တလျှောက်တွင် များစွာ စွန့်လွှတ် အနစ်နာ ခံခဲ့မှုအပေါ် ကျွန်ုပ်တို့ ဘားမားပွိုင့်က ကျေးဇူးတင် ဂါရ၀ပြု လိုက်သည်။

ခေါင်းဆောင်ကောင်းတဦးဖြစ်သူ ဖဒိုမန်းရှာလာဖန်းအား ကျွန်ုပ်တို့ အမြဲတစေ ဂုဏ်ယူလေးစားနေမည့် အကြောင်းနှင့် သူ၏ ကွယ်လွန်မှုအပေါ်တွင်လည်း ကျွန်ုပ်တို့  ဘားမားပွိုင့်က ကျန်ရစ်သူ မိသားစုနှင့် အတူ ထပ်တူထပ်မျှ ၀မ်းနည်းမိပါကြောင်း လေးစားစွာဖြင့် အသိပေး ဤသ၀ဏ်လွှာအား ပေးပို့ လိုက်သည်။

ဖဒိုမန်းရှာလာဖန်း ကောင်းရာသုဂတိလားစေသော်။

Burma Point အဖွဲ့ သားများ

1 comments:

Anonymous said...

Hello. This post is likeable, and your blog is very interesting, congratulations :-). I will add in my blogroll =). If possible gives a last there on my blog, it is about the Celular, I hope you enjoy. The address is http://telefone-celular-brasil.blogspot.com. A hug.

 

© 2007 IngridGrey By Arephyz