Saturday, January 12, 2008

နှစ်ပတ်လည် အခမ်းအနားသို့ ဖိတ်ကြားခြင်း (Reminder)




အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

ဒီနေ့ဟာ ဆိုရင် ဘားမားပွိုင့် ဒီမိုကရေစီ လှုပ်ရှားမှု အဖွဲ့ကြီးရဲ့ သုံးနှစ်မြောက် နှစ်ပတ်လည် အခမ်းအနားနေ့ပဲ ဖြစ်ပါတယ်. စတင်တည်ထောင်ခဲ့တာကတော့ ၂၀၀၅ ခုနှစ်၊ ဇန်န၀ါရီလ (၄) ရက်နေ့က ဖြစ်ပါတယ်.

ဒီကနေ့ အခမ်းအနားမှာ မြန်မာနိုင်ငံတော်ကြီး ဒီမိုကရေစီ ရရှိရေး လှုပ်ရှားမှု အရှိန်အဟုန်မြင့်မားလာတာနှင့်အမျှ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံ့အရေးကိစ္စများကို ဆက်စပ်ပြီးတော့ ရှင်းလင်းတင်ပြသွားမှာ ဖြစ်သလို တက်ရောက်အားပေးကြတဲ့ ဧည့်ပရိသတ်များရဲ့ မေးခွန်းများကိုလည်း ရှင်းလင်းဖြေကြားသွားဖို့ စီစဉ်ထားပါတယ်.

ဒါကြောင့်မို့ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံတော်တွင် ဒီမိုကရေစီ စနစ်ဖြစ်ပေါ်ထွန်းကားစေရေး လှုပ်ရှားမှုကြီး အောင်မြင်စေရေးအတွက် လူကြီးမင်းတို့မှလည်း ၀ိုင်းဝန်းပူးပေါင်း အဖြေရှာ ဆွေးနွေးဖလှယ်ပေးနိုင်ဖို့ နွေးထွေးပျူငှာစွာ ဖိတ်ခေါ်အပ်ပါတယ်.

တက်ရောက်မယ့် ထင်ရှားတဲ့ ဧည့်ပရိတ်သတ်တစ်ချို့ကတော့ သာသနာ့ဥသျှောင် ဆရာတော်များ၊ စာရေးဆရာ မောင်စွမ်းရည်၊ ဒေါက်တာသောင်းထွန်း စသူတို့ အပြင် အခြားသော မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှားသူများလည်း ပါဝင်မှာ ဖြစ်ပါတယ် ခင်ဗျာ.

အချိန်။ ။ ၂၀၀၈ ဇန်န၀ါရီ ၁၃ ရက်၊ တနင်္ဂနွေနေ့ မနက် ၁၁း၃၀ နာရီမှ ၂း၃၀ ထိ

နေရာ။ ။ Burma Point, 41-45, 73rd Street, Woodside, NY 11377

ဆက်သွယ်ရန်။ ။

မင်းဆန်းမင်း (718-434-5292)
ဝင်းရှိန်မောင် (718-335-5923)
မိုးချမ်း (646-643-8689)



0 comments:

 

© 2007 IngridGrey By Arephyz