Sunday, October 7, 2007

Burma Point ဆိုတာဘာလဲ?


Burma Point ဆိုတာ ဘာလဲ?

Burma Point ဆိုတာကတော့ နယူးယောက်မြို့မှာ အခြေစိုက်တဲ့ မြန်မာ့ဒီမိုကရေစီအရေးအတွက် တက်ကြွစွာ စည်းရုံးလှုပ်ရှားနေတဲ့ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီအဖွဲ့ကြီးကို ၂၀၀၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီလှုပ်ရှားမှုများနဲ့ လူ့အခွင့်အရေးတိုးတက်မြင့်မားရေးတို့အတွက် နိုင်ငံတကာမှ ထောက်ခံအားပေးမှု ရရှိစေရန်ဖြစ်ပါတယ်။ Burma Point အဖွဲ့ကြီးကို အမေရိကန်နိုင်ငံမှာ ရောက်ရှိနေထိုင်နေတဲ့ နိုင်ငံရေး အသိအမြင် နိုးကြားတက်ကြွတဲ့ မျိုးချစ်မြန်မာလူငယ်များက ဦးဆောင်လှုပ်ရှားနေပါတယ်။

ဘာရည်ရွယ်ချက်တွေနဲ့ Burma Point ကို စတင်ဖွဲ့စည်းခဲ့သလဲ?

Burma Point အဖွဲ့ကြီး စတင်ဖြစ်ပေါ်လာရခြင်း အကြောင်းရင်းကတော့ စစ်အာဏာရှင်စနစ်အောက်မှာ ဖိနှိပ်ချုပ်ချယ်ခံနေရတဲ့ မြန်မာပြည်သူလူထုကြီးအတွက် လွတ်လပ်မှု၊ တရားမျှတမှုစတဲ့ အခြေခံ လူ့အခွင့်အရေးများကို ရရှိခံစားနိုင်စေရန် စည်းရုံးလှုပ်ရှားသွားဖို့ ရည်ရွယ်ပါတယ်။

Burma Point အဖွဲ့ရဲ့ ဦးတည်ချက်တွေက ဘာတွေလဲ?

(၁) ဖမ်းဆီးခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိလွှတ်ပေးရေးအတွက် နိုင်ငံရေး လှုပ်ရှားမှုများ စဉ်ဆက်မပြတ်လုပ်ဆောင်သွားရန်၊

(၂) မြန်မာနိုင်ငံတွင် ဒီမိုကရေစီရရှိရေး လှုပ်ရှားမှုများ ဆက်လက်ဖြစ်ပေါ်စေရန်အတွက် နိုင်ငံတကာမှ လူ့အခွင့်အရေးအဖွဲ့အစည်းများ၏ ပါဝင်ကူညီမှု၊ ထောက်ပံ့အားပေးမှုများ ရရှိစေရေး ကြိုးပမ်းလုပ်ဆောင်သွားရန်၊

(၃) မြန်မာနိုင်ငံတွင် ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုများအတွက် တစ်ဦးချင်း၊ တစ်ယောက်ချင်းသာမက အသင်းအဖွဲ့၊ အစည်းအရုံးများကပါ တက်ကြွစွာ ပါဝင်လှုပ်ရှားလာနိုင်ရေးအတွက် စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်သွားရန်

တို့ပဲဖြစ်ပါတယ်။

မူရင်းရေးသားချက်များကို ဒီမှာဖတ်ပါ။

0 comments:

 

© 2007 IngridGrey By Arephyz