အောက်တိုဘာ (၇) ရက်နေ့၊ ၂၀၀၇ ခု၌ အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် အခြေစိုက်သော မြန်မာနိုင်ငံ ရန်ပုံငွေနှင့် ထောက်ပံ့မှုဆိုင်ရာ ကော်မတီ (Fund and Supporting Committee for Burma) မှ Eat to Support Fundraising Activity ပွဲကို ကြီးမှူးကျင်းပခဲ့ပါတယ်။ ထိုပွဲသို့ လာရောက်ကြသော မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးလှုပ်ရှားသူများနှင့် မြန်မာ့အရေးစိတ်ဝင်စားသူများ၏ ရင်ထဲမှ အသံများကို စုစည်းတင်ဆက်လိုက်ပါတယ်။
ရရင်ရ မရရင်ချ! ရရ မရရချ!
ပြည်သူအပေါင်းတို့ နိုးကြားဖို့ အချိန်တန်ပြီ။
Never Give Up!!!
Revolution Must Win!
We can’t afford to lose again. It’s no or never.
So, let’s make it happen!
Thomas Jefferson said, “When the people fear their government, there is tyranny; when the government fears the people, there is liberty.”
I guess we all can follow on the statement.
I wish all the citizens whom are fighting for our country with best of luck….
ဒီတစ်သက်ပါပဲ… ခံစားနေရတာ..
ချကို ပြန်ချမှာပဲ. နောက်မျိုးဆက်အတွက်…
ရေခြားမြေခြားကို ရောက်နေရပေမယ့် အနှစ် (၂၀) လောက်နေခဲ့ရတဲ့ မြန်မာပြည်ကြီးကို အမြဲ သတိရလျက်ပါ. အခုလို ရတနာ (၃)ပါး၊ သံဃာတော်များနှင့် ဒီမိုကရေစီလိုလားသော အပြစ်မဲ့ပြည်သူတွေ ရိုက်နှက်ဖမ်းဆီးခံရတာ မြင်ရတော့ ရင်ထဲမချိအောင် ခံစားရပါတယ်. ချစ်သောမြန်မာပြည်ကြီးမှာ ဒီမိုကရေစီစနစ် အမြန်ဆုံး ထွန်းကားပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်….
မြန်မာနိုင်ငံဆိုတာ ချစ်စရာ မြန်မာလူမျိုးတွေနဲ့ စုစည်းထားတဲ့ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနိုင်ငံလေးတစ်နိုင်ငံပါ.. ကျွန်မက တရုတ်လူမျိုးဖြစ်ပေမယ့် ကျွန်မကိုမွေးခဲ့တဲ့ ကျွန်မသိပ်ချစ်တဲပ အမိမြန်မာနိုင်ငံနှင့် ကျွန်မသိပ်ချစ်တဲ့သူတွေကို ဒီဆိုးရွားတဲ့ အစိုးရကြောင့် ခွဲခွာခဲ့ရတယ်. ဘယ်သူက ကိုယ့်တိုင်းပြည်ကို ခွဲချင်ပါ့မလဲ? ဒီမကောင်းတဲ့ အစိုးရကြောင့်ပေါ့.
အခုချိန်မှာတော့ နောက်ဆုတ်လို့ မဖြစ်တော့ပါဘူး. လူကြီးတွေ အစ၊ လူငယ်တွေ အဆုံး အားလုံး စည်းလုံးညီညွတ်ပြီး Democracy ကို ရအောင်ယူရမယ်.
“ထင်းတစ်ချောင်းကို ရိုက်ချိုးရင် လွယ်ကူစွာနဲ့ ကျိုးနိုင်ပါတယ်. ထင်းတစ်စည်းကို ရိုက်ချိုးဖို့ကတော့ တော်တော်လေးခက်မှာပါ”
တို့တွေအားလုံး စည်းလုံးညီညွတ်စွာနဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ကြတာပေါ့…
နိုင်ငံရေးဆိုတာ ဘာမှန်းမသိပါ. သို့သော် မြန်မာနိုင်ငံမှာ မွေးခဲ့သောလူပီပီ မြန်မာ့သာသနာနှင့် ပြည်သူများအတွက် တိုက်ပွဲဝင်ချင်ပါတယ်…
မြန်မာနိုင်ငံကြီး အမြန်ဆုံး ဒီမိုကရေစီ ရပါစေလို့ အမြဲဆုတောင်းပါတယ်. စစ်အစိုးရလည်း အမြန်ဆုံး ပြုတ်ပါစေ…
မြန်မာနိုင်ငံတော်ကြီး အမြန်ဆုံး အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်စေဖို့ အစွမ်းကုန်ကြိုးစားသွားပါမယ်လို့ သစ္စာပြုခဲ့ပါတယ်…
Dear Burmese people in Burma…
The people around the world see your plight and support you wholeheartedly. Continue to fight! Although we can’t be with you in body, please know that we support you spiritually and mentally in everyway. Go saffron revolution!!!
မြန်မာနိုင်ငံ ဒီမိုကရေစီ အမြန်ဆုံး ရရှိနိုင်ရေးအတွက် ရှေ့ဆုံးက ပါဝင်ဆောင်ရွက်နေတဲ့သူတွေကို အဝေးရောက် (နိုင်ငံခြား) ပြည်သူတွေ ၀ိုင်းဝန်းကူညီဖို့ အဆင်သင့် ရှိနေပါတယ်. အားလုံး ၀ိုင်းဝန်းပါဝင်ဖို့အတွက် နှိုးဆော်ကူညီကြပါ. လက်တွဲကြပါ. ပါဝင်ကြပါ. အမြန်ဆုံးအောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း….
They’ve crossed the line this time. I’m sure this is the beginning of their ending!
မြန်မာနိုင်ငံတော်ကြီး အမြန်ဆုံး လွတ်လပ်ရေးရစေရန် ဆုတောင်းလျက်…
“သွေးစက်တွေအတွက်
ချွေးစက်နဲ့ရင်းရတာ ပင်ပန်းတယ်လို့ မပြောပါနဲ့..
လေပွေတစ်ချက် မွှေ့သွားတာပါ.
မျက်ရည်ယိုဗုံးမဟုတ်ပါဘူး.
အလံကိုင်ဖို့ မတောင်းဆိုပါဘူး
အားပေးကြဖို့ပဲ လိုအပ်ပါတယ်.
ကဲ…ပန်းတိုင်ဆိုတာ ဘယ်ဝေးမလဲ..”
0 comments:
Post a Comment